Local Celebrity: "Lucky"လို့ နာမည်ပေးထားတဲ့ ဘန်နီဖြိုးရဲ့ တတိယစီးရီး

နိုဝင်ဘာ (၂၀)ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

play

 

အဆိုတော် ဘန်နီဖြိုးရဲ့ တတိယစီးရီးခွေကို ပထမစီးရီး ထွက်ရှိထားတဲ့ ငါးနှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တဲ့ နိုဝင်ဘာ(၂၀)ရက်နေ့မှ ထွက်တော့မယ်လို့ သိရပါတယ်။ စီးရီးခေါင်းစဉ်ကိုတော့ "Lucky" လို့ နာမည်ပေး ထားပြီး ဒီတစ်ခွေက အရင်အခွေတွေနဲ့ မတူတော့ဘူးလို့ ဆိုပါတယ်။

play

 

အဲဒီအခွေထဲမှာ သီချင်း ၁၂ပုဒ်ပါဝင်မှာ  ဖြစ်ပြီး Featuring အနေနဲ့ ပါဝင်ထားတဲ့ အဆိုတော်များနဲ့ ပရိုမိုးရှင်းပွဲ လုပ်မယ့် နေရာများကို အောက်တိုဘာအတွင်းမှာ ကြေညာသွားမယ်လို့ သိရပါတယ်။

play

 

အဆိုတော် ဘန်နီဖြိုးက ဂီတသက်တမ်းငါးနှစ်တာကာလအတွင်းမှာ "ချစ်တယ်ဟုတ်"နဲ့ "လူပျိုလှည့်တေး" စတဲ့ တစ်ကိုယ်တော်အခွေနှစ်ခွေထွက်ရှိထားသလို တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ပွဲကိုလည်း ကျင်းပထားသူဖြစ်ကာ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

Source : 7day Daily

Photo  : ဘန်နီဖြိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ