Local Celebrity: ပုဂံမှာ ငလျင်လှုပ်တာနဲ့ကြုံခဲ့တဲ့ Mဆိုင်းလူ

ဓာတ်ပုံရိုက်နေတဲ့အချိန် ငလျင်လှုပ်တာနဲ့ ကြုံခဲ့ရတယ်လို့သူမက ဆိုပါတယ်။

play

 

မော်ဒယ် M ဆိုင်းလူ တစ်ယောက် ပုဂံမှာ ဓာတ်ပုံသွားရိုက်နေရင်း ငလျင်လှုပ်တာနဲ့ ကြုံခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဆိုပါတယ်။ ရိုက်ကူးရေး လုပ်နေတဲ့ ဘုရားကတော့ အခြားဘုရားတွေလောက် အပျက်အစီးသိပ်မရှိဘူးလို့ သူမက ပြောပါတယ်။

play

 

"ငလျင်လှုပ်တဲ့အချိန် ထီးတော် ခါရမ်းနေပြီး နံရံက ပန်းချီ ပန်းပုဆေးရေးတွေ ပျက်စီးကုန်ပါတယ်။ နောက်ထပ် စက္ကန့်အနည်းငယ်သာ ထပ်လှုပ်ရင် ဆိုင်းလူတို့ အသက်လည်း မတွေးရဲစရာပါပဲ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်လည်း အသက်ကယ်မြောက်ခွင့် ရခဲ့တယ်"လို့ သူမရဲ့ အကောင့်မှာ ရေးထားပါတယ်။

play

 

ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့  သူမမွေးဖွား ကြီးပြင်းလာတဲ့ မြန်မာပြည်ရဲ့ အထွတ်အထိပ် တန်ဖိုးထားကိုးကွယ်ရတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ် ပုဂံ ဘုရားတွေ ပျက်စီးသွားတဲ့အတွက် ရင်နဲ့အမျှ ဝမ်းနည်းကြေကွဲမိပါသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်လို့ သူမက ဆက်လက်ရေးသားထားပါတယ်။

Photo :  M ဆိုင်းလူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ