Local Celebrity: နှစ်လလောက် အလုပ်တွေအားလုံး နားထားရမယ့် Mဆိုင်းလု

နိုဝင်ဘာ ၂၄ရက်နေ့က ဆေးရုံက ဆင်းလာပြီလို့ သိရပါတယ်။

play

 

MRTV 4 ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Style Secret အစီအစဉ်ရိုက်ကူးရင်း မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မော်ဒယ် Mဆိုင်းလု ကတော့ နိုဝင်ဘာ(၂၄)ရက်နေ့က ဆေးရုံက ဆင်းလာပြီလို့ ဆိုပါတယ်။ ဒဏ်ရာ အခြေအနေအရ နှစ်လလောက် အလုပ်တွေအားလုံး နားထားကာ အနားယူရမယ်လို့ ဆရာဝန်က ပြောထားတယ်လို့ သူမက ပြောပြ ပါတယ်။ နှစ်လလောက် အနားယူပြီးတာနဲ့ လုံးဝအကောင်းပကတိ ပြန်ဖြစ်မယ်လို့ သိရပါတယ်။

play

ဒီလို အခြေအနေဖြစ်သွားတဲ့ သူမအတွက် ဝင်ငွေတွေရော လုပ်ငန်းတွေပါ အားလုံး ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒီအချိန်က Calendar လည်း ရိုက်ရတယ်။ အလုပ်တွေလုပ်ရတဲ့လပေါ့။ ဒါပေမဲ့ အခုလို ဖြစ်သွားတော့ အလုပ်တွေ တော်တော်များများ ပျက်သွားတယ်။ ဒီအချိန်က ကိုယ်မအားလည်း တခြားလူတွေက အဆင်သင့်ဖြစ်သွားတော့ အဲဒါကအစ ပြန်စဉ်းစားရင် ဝမ်းနည်းသလို ဖြစ်တယ်။ အားလည်းငယ်တယ်" လို့ သူမက 7day Daily ကို ဖြေဆိုထားပါတယ်။

play

 

အခုလို ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူမဘဝအတွက် သင်ခန်းစာလို့ပဲ ပြောရမှာ ဖြစ်ပြီး နောင်တချိန် ဘာပဲ လုပ်လုပ် အာမခံချက်တွေ ထားရှိဖို့ လိုအပ်လာပြီလို့ သူမက ပြောပြခဲ့ပါတယ်။

Source  : 7day Daily

Photo   :  M ဆိုင်းလု

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ