Local Celebrity: M ဇော်ရိန်ရဲ့ တစ်ကိုယ်တော် စီးရီးသစ်

"စိတ်" လို့နာမည်ပေးပြီး ဒီဇင်ဘာ (၁၅)ရက်နေ့ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။

play

 

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ M ဇော်ရိန်ကတော့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိလို့ လာပြီဖြစ်ပါတယ်။ အခွေနာမည်ကို "စိတ်" လို့ ပေးထားပြီး အခွေထဲမှာ သီချင်း (၁၀)ပုဒ်ပါဝင်မှာ ဖြစ်ကာ  Myanmar Idol ပြိုင်ပွဲဝင် စောထက်နိုင်စိုး ရေးသားပေးထားတဲ့ တေးသီချင်းကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

play

 

Featuring အနေနဲ့ ချမ်းချမ်းနဲ့ ပိုင်သက်တို့က သီဆိုပေးထားကြပြီး တေးရေးတွေကတော့ သြနေသိန်း၊ ကေးကေး၊ စောထက်နိုင်စိုး၊ Jazzy၊ ပိုင်သက်နဲ့ M ဇော်ရိန်တို့က ရေးသားထားကာ ဂီတအမျိုးအစားစုံလင်စွာ ထည့်သွင်းထား တယ်လို့ သိရပါတယ်။

play

 

"စိတ်" စီးရီးကိုတော့ လာမယ့် ဒီဇင်ဘာ (၁၅)ရက်နေ့မှာ The Sun Music ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

Photo : M ဇော်ရိန် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ