Local Celebrity: နိုဝင်ဘာလကုန်မှာ ထုတ်လုပ်သွားမယ့် မိုးစက်ဝိုင်ရဲ့ သနပ်ခါး Mask

သူမနာမည်နဲ့ ထုတ်မှာလို့ ဆိုပါတယ်။

မိုးစက်ဝိုင်ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကြိုးစားနေပါတယ်။ သူမရဲ့ ကြိုးစားမှုကတော့ မကြာခင် ပရိသတ်တွေ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

မိုးစက်ကတော့ သူမရဲ့ နာမည်နဲ့ သနပ်ခါး Mask ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ Mask ကိုတော့ နိုဝင်ဘာ လကုန်မှာ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မျက်နှာပေါင်းတင်တဲ့အခါမှာ ထူးထူးခြားခြားနဲ့ သနပ်ခါးနံ့လေးကို ခံစားနိုင်စေမယ့် Mask လေး ဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက သနပ်ခါး ကြိုက်တဲ့ မိုးစက်က Mask ထုတ်တဲ့အခါမှာလည်း အခြား ပန်းအနံ့တွေထက် သနပ်ခါးနံ့လေးနဲ့ ထုတ်လုပ်ဖြစ်ကြောင်းကို Popular News မှာ ဖြေဆိုပေးထားတာ တွေ့ရပါတယ်။

သူမရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြင်ဆင်မှုတွေ ပြီးတဲ့အခါမှာ ပရိသတ်တွေ အသိပေးသွားမယ်လို့ ဆိုပါတယ်။

play

 

မိုးစက်ဝိုင်ကတော့ ယခုလက်ရှိမှာ ပက်ပက်စက်စက်ညှို့ အဖွဲ့သားတွေနဲ့ ပွဲတွေ တက်ဖြစ်နေတာ တွေ့ရပါတယ်။ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ပက်ပက်စက်စက်ညှို့ ဇာတ်ကားဟာလည်း ပရိသတ် အားပေးမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီအလှမယ် ပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်တွေ သတိထားမိလာတဲ့ သူမက ကြော်ငြာများ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးလျက်ရှိပါတယ်။

play

 

ဒါရိုက်တာကျော်ဇော်လင်းရိုက်ကူးမယ့် " သတ္တိရှိရင် လောင်းမလား" ရုပ်ရှင်ဇာတ်ကားနဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Source : Popular News

Photo : မိုးစက်ဝိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ