Local Celebrity: Mini Album စီစဉ်နေတဲ့ စိုးပြည့်သဇင်

, updated

သီချင်းတစ်ပုဒ်ကိုလည်း အွန်လိုင်းမှာ ဖြန့်ပေးမယ်လို့ သိရပါတယ်။

play

 

အဆိုတော် သရုပ်ဆောင် စိုးပြည့်သဇင်က အစ်မဖြစ်သူ စန္ဒီမြင့်လွင်နဲ့အတူ Mini Album တစ်ခွေစီစဉ်နေတယ်လို့ သိရပါတယ်။ အရင်ဆုံး အခွေထဲမှာ ပါတဲ့ သီချင်းတစ်ပုဒ်ကိုလည်း အွန်လိုင်းမှာ ဖြန့်ပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သူမက ဆိုပါတယ်။

‘‘သီချင်းတစ်ပုဒ်ကတော့ ပြီး သွားပြီ။ လောလောဆယ်တော့ တစ်လပိုင်းထဲမှာ အွန်လိုင်းကဖြန့် မယ်။ သီချင်းပုံစံကတော့ R&B ပုံစံလေးပါ။ စိုးပြည့်လည်း R&B တစ်ခါမှ မဆိုဖူးဘူး။ ရက်ပ်နဲ့ လည်း မဆိုဖူးဘူး’’လို့ သူမက ပြောပြပါတယ်။

play

 

လက်ရှိမှာ နယ်ရှိုးပွဲတွေ သွားနေရတဲ့ သူမက ရိုက်ကူးဖို့ ကျန်ရှိနေသေးတဲ့ "ရွှေမင်းသမီး" ဇာတ်ကားကိုလည်း ဇန်နဝါရီ (၁)ရက်နေ့မှာ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားဟာ သူမအတွက် လုပ်ကွက်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီကာရိုက်တာ အတွက် အဝတ်အစား ပိုင်းကအစ ကာရိုက်တာပိုင်းကိုလည်း အပြင်အဆင်တွေကိုလည်း ပြောင်းလဲထားတယ်လို့ သူမက ဆိုပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ဘက်မှာ ပရိသတ်အားပေးမှု ရရှိထားသလို အဆိုဘက်မှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ ဂီတဘက်တွင် " ချစ်သူရွေးမယ်" စီးရီးခွေနဲ့ " အချစ်ကို ရှာဖွေတွေ့ရှိခြင်း" စီးရီးခွေတို့ကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Source : 7day News

Photo   : စိုးပြည့်သဇင် ဖေ့စ်ဘွတ်

စိုးပြည့်ကို သီချင်းဆိုတာ အားပေးလား၊ သရုပ်ဆောင်လုပ်တာ အားပေးလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ