Local Celebrity: Miss Global Beauty Queen 2016 ပြိုင်ပွဲသို့ နီနီမင်းသူ သွားရောက်ယှဉ်ပြိုင်မယ်

, updated

ပြိုင်ပွဲအတွေ့အကြုံရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ပြည်ပနိုင်ငံတွင် ကျင်းပတဲ့ MISS GLOBAL BEAUTY QUEEN 2016 ပြိုင်ပွဲ ကို မြန်မာကိုယ်စားပြုအနေဖြင့် အလှမယ် နီနီမင်းသူ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အောက်တိုဘာ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

" အစ်မအရင်တုန်းက ပွဲတွေအများကြီးပြိုင်ခဲ့ဖူးတယ်၊ အတွေ့အကြုံတွေလည်း တော်တော်များများရှိပါတယ်၊ ဒါပေမယ့်အတွေ့အကြုံဆိုတာက ပြည်တွင်းအ တွေ့အကြုံဘဲရှိတာပါ၊ပြည်ပအတွေ့အကြုံကတော့ အခုမှ ရှိမှာပါ၊ အဲဒီပွဲ အတွက်လည်း သေချာပြင်ဆင်ပြီး ကြိုးစားသွားမှာပါ" ဟုအလှမယ် နီနီမင်းသူ ပြောပါတယ်။

play

 

မြန်မာနိုင်ငံမှ အလှမယ် နီနီမင်းသူက ပြည်တွင်းပွဲများဖြစ်သည့် Mr.& Miss Tawin , Miss Globel Myanmar , Miss Golden Land Myanmar, Miss Myanmar International 2013 , Miss Myanmar World တို့အပြင် အခြား သော ပြိုင်ပွဲများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ