Local Celebrity: သြဂုတ်လ(၂၅) ရက်နေ့တွင် ကျင်းပမယ့် Miss Golden Land Final ပြိုင်ပွဲ

ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာ ရှိတဲ့ MCC ခန်းမတွင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

အလှမယ်(၆)ဦး ရွေးချယ်မယ့် Miss Golden Land Final ပြိုင်ပွဲကို သြဂုတ်လ(၂၅)ရက်နေ့ ည(၆)နာရီမှာ စတင်ကာ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်တွင်ရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

play

 

သြဂုတ်လ (၂၃)ရက်နေ့ကလည်း  "Creative National Costume Competition" ပြိုင်ပွဲကို ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။

play

 

အဲ့ဒီပြိုင်ပွဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြုအလှမယ် ခက်ခက်ဇာက ပထမဆုရရှိခဲ့ပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းကိုယ်စားပြုအလှမယ် နန်းမေရှင်းသန့်က ဒုတိယနဲ့ ရန်ကုန်တိုင်းဒေသကြီး (မြောက်ပိုင်း) ကိုယ်စားပြုအလှမယ် မြတ်အိနြေ္ဒထက်က တတိယဆုရရှိခဲ့ကြပါတယ်။

play

 

သြဂုတ်လ(၂၅)ရက်နေ့မှာ ကျင်းပမယ့် Miss Golden Land Myanmar 2016 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲကိုတော့ MNTV နဲ့ Channel 9 ရုပ်သံလိုင်းများမှ ထုတ်လုပ်ပေးသွားမယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ