Local Celebrity: အလှမယ်(၆)ဦးနဲ့ Miss Golden Land Myanmar Organization စာချုပ်ချုပ်ဆိုခဲ့

, updated
play

 

Miss Golden Land Myanmar 2016 Final ပွဲစဉ်မှာ ဆုရရှိခဲ့တဲ့ အလှမယ် (၆)ဦးနဲ့ Miss Golden Land Myanmar Organization တို့စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားကို သြဂုတ်လ(၂၇)ရက်နေ့ နေ့လယ်က ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ဆုရရှိခဲ့တဲ့  Miss Globe Myanmar 2016 မြတ်အိနြေ္ဒထက် ၊ Miss Tourism Myanmar 2016 ခက်ခက်ဇာ၊ Miss Face of Beauty Myanmar 2016 ခြူးသိမ့်မြတ်နိုး၊ Miss Intercontinental 2016 နီနီနိုင်ဝင်း၊ Miss Earth Myanmar 2016 နန်းခိုင်ရွှေဝါဝင်း၊ Miss Supranational Myanmar 2016 ဆွေဇင်ထက်တို့နဲ့ စာချုပ်တွေ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

Miss Golden Land Myanmar Organization နဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ အလှမယ်(၆)ဦးအား  ပြိုင်ပွဲမှာ ရရှိခဲ့ကြတဲ့ ဆုအမျိုးအစားအလိုက် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Source & Photo : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ