Local Celebrity: အလှမယ် နန္ဒာလွင် Miss Grand International 2016 ပြိုင်ပွဲသို့ သွားပြီ

မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

play

 

အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်မြို့တွင် ကျင်းပမယ့် Miss Grand International 2016 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Grand Myanmar 2016 အလှမယ် နန္ဒာလွင်က ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ (အောက်တိုဘာ၈) ရက်နေ့လည် က မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

play

 

Miss Grand International 2016 ပြိုင်ပွဲကို အောက်တိုဘာ(၈)ရက်နေ့မှ (၂၅)ရက်နေ့အထိ အမေရိကန်နိုင်ငံ လက်စ်ဗီး ဂတ်မြို့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီပွဲမှာ မဖျားမနာ၊ အမှားအယွင်းမရှိဘဲ သုံးပတ်လုံး နေနိုင်အောင် ဆုတောင်းပေးကြပါလို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့် ပြောပြထားပါတယ်။

play

 

Miss Grand International ပြိုင်ပွဲက  ငြိမ်းချမ်းရေးအတွက်ရည်ရွယ်တဲ့ ပွဲဖြစ်ပြီး နိုင်ငံပေါင်း ၈၀ ဝန်းကျင်ခန့် လာရောက်ယှဉ်ပြိုင်မယ့် ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : နန္ဒာလွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ