AD
AD
AD
play

 

ပထဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Miss Green Myanmar  ပြိုင်ပွဲနဲ့ ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာမှာ ကျင်းပမယ်လို့ သိရပါတယ်။ Miss Green Myanmar ပြိုင်ပွဲ ပြုလုပ်တာဟာ  လူငယ်တွေအနေနဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကဏ္ဍတစ်ရပ်အနေနဲ့ စိတ်ဝင်တစား ပါဝင်လာအောင် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

Miss Green Myanmar ပြိုင်ပွဲဟာ အခြားသော ပြိုင်ပွဲများနဲ့ မတူဘဲ ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခုဖြစ်တာကြောင့် ဝတ်စားဆင်ယင်မှု ဒီဇိုင်းပိုင်းမှာလည်း ဒီဇိုင်နာ (၁၅)ယောက်နဲ့ ထူးခြားအောင် သဘာဝကုန်ကြမ်းပစ္စည်းတွေနဲ့ စီစဉ်သွားမယ်လို့ သိရပါတယ်။ Miss Green (Myanmar) ပြိုင်ပွဲ ပဏာမ လူရွေးပွဲကို ဒီဇင်ဘာ(၆)ရက်မှာ စတင် ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်တွေကို အသက်(၁၆)နှစ်ကနေ (၂၃)နှစ်ကြား သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Source & Photo : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD