Local Celebrity: Miss International Maynmar အတွက် အလှမယ် ပေါ်ထွက်လာ

Miss International Myanmar 2016 ရဲ့ Winner ဆုကို ခါးနံပါတ် ၁၅ အင်ကြင်းထူး မှ ရရှိခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ ဦးစီးကျင်းပတဲ့ Miss Myanmar Interantional 2016 ပြိုင်ပွဲ နောက်ဆုံးအဆင့် ဖိုင်နယ်ပွဲကြီးကို စက်တင်ဘာ(၄)ရက်နေ့က Melia Hotel တွင် ကျင်းပခဲ့ပါတယ်။

play

 

Miss Myanmar International 2016 Winner ဆုကို ခါးနံပါတ် (၁၅) အင်ကြင်းထူးမှ ရရှိခဲ့ကာ 1st Runner Up ဆုကို ပြိုင်ပွဲဝင်ခါးနံပါတ် ၁ တင်စန္ဒာမျိုး၊ 2nd Runner Up ဆုကို ပြိုင်ပွဲဝင်ခါးနံပါတ် ၄ နေကြာခင်ခင်တို့က ရရှိခဲ့ပြီး သရဖူရရှိခဲ့တဲ့ အလှမယ် အင်ကြင်းထူးက အင်တာနက်မှ ပရိသတ်ရွေးချယ်မှုအများဆုံး ရရှိခဲ့သောကြောင့် Miss Popular ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

play

 

Miss Myanmar International 2016 ဆုရရှိခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အင်ကြင်းထူးက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်မယ့် Miss International ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ