Local Celebrity: Miss Myanmar International 2017 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ စတင်ခေါ်ယူ

ဒီနှစ်ကော ဘယ်သူတွေ သရဖူဆောင်းဦးမလဲ။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များကို မွေးထုတ်ပေးလျှက်ရှိတဲ့ Miss Myanmar International 2017 ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင် အလှမယ်တွေကို စတင်ခေါ်ယူနေပါပြီ။

play

 

 ပြိုင်ပွဲကို စိတ်ပါဝင်စားတဲ့ မြန်မာအမျိုးသမီးငယ်များအနေနဲ့ မေလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ လျှောက်လွှာများကို Miss Myanmar Internation Facebook page မှ တဆင့် downlode ရယူပြီး မေလ ၂၆ ရက်နေ့ ကနေ မေလ ၂၈ ရက်နေ့ အထိ Myanmar Tourism Federation ကို ပြိုင်ပွဲဝင်မယ့်  သူ ကိုယ်တိုင်ပေးပို့သွားရမယ်လို့ သိရပါတယ်။

play

 

"မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲမှာ ၂၀၁၂  ခုနှစ်ကတည်းက ၂၀၁၇ ခုနှစ် အထိ ဖြစ်မြောက်အောင် ကြိုးစားခဲ့ပါတယ်။၂၀၁၂ခုနှစ်ထဲ ၅ နှစ်ဆက်တိုက် အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါ တယ်။ကျွန်မတို့က ခရီးသွားလုပ်ငန်းဖြစ်လို့ အသင်း ၁၁ နဲ့ ဖွဲ့စည်းထားတာပါ။

မြန်မာခရီးသွား လုပ်ငန်းရှင် တွေ အသင်း၊မြန်မာစားသောက်ဆိုင် လုပ်ငန်းရှင်အသင်းတွေ ၊အရည်အသွေးမြှင့် တင့်ရေးအသင်း ရယ်၊ ကျန်းမာရေး စောက်ရှောက်မှုအသင်းတွေနဲ့ တခြားအသင်းတွေလည်း ပါပါတယ်။ မြန်မာနိုင်ငံက အရည်အသွေးရှိတဲ့ အမျိုးသမီးတွေ ပေါ်ပေါက်လာဖို့အတွက်လည်း ဖြစ်ပါတယ်။အလှမယ် တွေကလည်း အရမ်းကို တော်ပြီး ကြိုးစား ကြပါတယ်" ဟု Myanmar Tourism Federation ၏ တာဝန်ရှိသူ ဒေါ်တင်မာမြင့် က Duwun Media ကို ဖြေဆိုထားပါတယ်။

play

 

Miss Myanmar International  သရဖူရှင်များဖြစ်တဲ့  Miss Myanmar International 2012 ခုနှစ်ကို နန်းခင်ဇေယျာ၊ Miss Myanmar International 2013 ခုနှစ်အဖြစ် ဂုဏ်ရည်အေးကျော်၊ Miss Myanmar International 2014 ခုနှစ်အဖြစ်ခင်ဝေဖြိုးဟန် ၊ Miss Myanmar International 2015 ဆုရှင်အဖြစ်အမရာငြိမ်း၊ Miss Myanmar International 2016 ဆုရှင်အဖြစ် အင်ကြင်းထူးတို့မှ ဆုအသီးသီးရ ရှိခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ