Local Celebrity: မန္တလေးမြို့ကိုယ်စားပြု Miss Universe ဆုကို လရိပ်ပြာရရှိ

play

 

ဒုတိယအကြိမ်မြောက် Miss Universe Mandalay 2016 ပြိုင်ပွဲကို သြဂုတ်လ(၇)ရက်နေ့ ညနေ(၆)နာရီက မန္တလေးမြို့ တော်ခန်းမတွင် ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့ကိုယ်စားပြုအတွက် Miss Universe Mandalay 2016 Winner ဆုကို အလှမယ် လရိပ်ပြာက ရရှိခဲ့ပါတယ်။

play

 

အဲ့ဒီအလှမယ်ရွေးချယ်ပွဲတွင် နီနီခင်ဇော်၊ ဝိုင်းလေး၊ နန်းခင်ဇေယျာတို့အပြင် အခြားသော အဆိုတော်များနဲ့ အကအဖွဲ့များက သီဆိုကပြဖျော်ဖြေပေးခဲ့ကြပြီး မိုးစက်ဝိုင်၊ ဂုဏ်ရည်အေးကျော်၊ ခင်ဝေဖြိုးဟန်၊ ခင်ရတနာသိန်းမြင့်နဲ့ အခြားသော အလှမယ်များက တက်ရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

Photo : Minthar lay Mwd

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ