Local Celebrity: Miss Universe ပြိုင်ပွဲ ဝင်ပြိုင်နေတဲ့ ရွှေအိမ်စည်

ပရိသတ်တွေ အားပေးမှုကြောင့် နောက်ထပ် ပြိုင်ပွဲ ဝင်ဖို့ အားရှိသွားတာလို့ ဆိုပါတယ်။

play

 

Miss World ပြိုင်ပွဲမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ရွှေအိမ်စည်ကတော့ Miss Universe Myanmar 2017 ပြိုင်ပွဲကို ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

play

 

Miss Universe Myanmar 2017 ပြိုင်ပွဲရဲ့ ဆန်ခါတင် ၂၆ ယောက်ထဲတွင် ပြိုင်ပွဲအတွေ့အကြုံ အားဖြင့် အသီးအသီးရှိကြတဲ့ အလှမယ်များနဲ့အတူ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်တာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်မယ်လို့ ထင်မိကြောင်း သူမက ပြောပါတယ်။

play

 

အလှမယ်ပြိုင်ပွဲအနေနဲ့ ဒုတိယအကြိမ် ဝင်ပြိုင်ဖြစ်တဲ့ သူမက အမှားများနဲ့ လိုအပ်ချက်များကို အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အခုလိုမျိုး နောက်ထပ် ပြိုင်ပွဲ ဝင်ဖို့အားအင်တွေ ရရှိသွားတာဖြစ်တယ်လို့ သူမက ပြောပါတယ်။

Source : 8days Journal

Photo  : ရွှေအိမ်စည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ