Local Celebrity: Miss Universe ပွဲမှာ သီချင်းသစ်တစ်ပုဒ်နဲ့ ဖျော်ဖြေမယ့် ဘန်နီဖြိုး

သူရဲ့ တတိယစီးရီးခွေထဲက သီချင်းသစ် တစ်ပုဒ်ဖြစ်ပါတယ်။

play

 

ဒီနေ့ (အောက်တိုဘာ ၆)ရက်နေ့ တွင် ပြုလုပ်မယ့်   Miss Universe Maynmar 2017 နောက်ဆုံးပြိုင်ပွဲတွင် အဆိုတော် ဘန်နီဖြိုးက သီချင်းသစ်တစ်ပုဒ်နဲ့ ပရိသတ်များကို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အဲဒီသီချင်းသစ်ဟာ ဘန်နီဖြိုးရဲ့ တတိယတေးစီးရီးခွေဖြစ်တဲ့ "Lucky " အခွေထဲက သီချင်း သစ်ကို ဒီနေ့ညပွဲ မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

play

 

သီချင်းသစ်ကို နားထောင်ချင်တဲ့ ပရိသတ်တွေအနေနဲ့ Miss Universe Myanmar 2017 ပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် MNTV နဲ့ Channel -9 တို့မှာ ကြည့်ရှုနိုင်တယ်လို့ ဘန်နီဖြိုးက သူ့ရဲ့ ပရိသတ်တွေအတွက် ပြောပြထားပါတယ်။ တတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ "Lucky" ကိုတော့ မကြာခင် ထွက်တော့မှာ ဖြစ်ပြီး အဲဒီအခွေထဲတွင် သီချင်း ၁၂ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။

Photo : ဘန်နီဖြိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ