Local Celebrity: ချင်းပြည်နယ်သို့ လူမှုရေးခရီးစဉ်သွားမယ့် Miss Universe Myanmar 2017 အလှမယ်များ

ချင်းပြည်နယ်ခရီးစဉ်ကို စက်တင်ဘာလအတွင်းမှာ သွားမယ်လို့ သိရပါတယ်။

play

 

Miss Universe Myanmar 2017 ပြိုင်ပွဲအတွက် ဆန်ခါတင် အလှမယ်များကို သြဂုတ်လ အတွင်းမှာ စာနယ်ဇင်းများနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပြီး လူမှုရေးခရီးစဉ်အတွက် ချင်းပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်လူမှုရေးခရီးစဉ်ကိုတော့ စက်တင်ဘာလအတွင်းမှာ သွားမယ်လို့ သိရပါတယ်။

ဆန်ခါတင်အလှမယ်များရွေးချယ်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်အလှမယ် ရွေးချယ်ပွဲက (၁၈)ပွဲ ပြုလုပ်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ တိုင်းနှင့် ပြည်နယ်အလိုက် အလှမယ်ပြိုင် ပွဲ ခုနစ်ပွဲ ပြုလုပ်ပြီးသွားပြီဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့မှာ  နေပြည်တော် နဲ့ ဇူလိုင် ၂၄ ရက်တွင် ပြည်မြို့ များတွင် အလှမယ်ရွေးချယ်ပွဲများ ဆက်လက် ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ