Local Celebrity: ကလေးဆေးရုံကြီးမှာ ပရဟိတများပြုလုပ်မယ့် Miss Universe Myanmar 2017

, updated

စက်တင်ဘာလ(၁၇) ရက်နေ့ သွားရောက်ပြီး ပရဟိတများ ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

Miss Universe Myanmar 2017 ဆန်ခါတင်အလှမယ်များက စက်တင်ဘာလ(၁၇)ရက်နေ့မှာ ကလေးဆေးရုံကြီး သို့ သွားရောက်ပြီး ကင်ဆာဝေဒနာခံစားနေရတဲ့ ကလေးငယ်များ၊ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကလေး ငယ်များနဲ့ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာခံစားနေရတဲ့ ကလေးငယ်များနဲ့ တွေ့ဆုံကာ အားပေးစကားများ သွားရောက် ပြောကြားပေးမယ်လို့ သိရပါတယ်။

play

 

အလှမယ်များက ကလေးများအတွက် လက်ဆောင်များပေးသွားမှာ ဖြစ်သလို ကလေးများကို ပုံပြင်ပြောပြခြင်း၊ ဆေးရောင်စုံခြယ်ခြင်းတို့ကို ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

play

 

စက်တင်ဘာ(၁၇)ရက်နေ့မှာ ကလေးဆေးရုံသို့ သွားပြီး စက်တင်ဘာ(၁၈)ရက်နေ့မှာတော့ ကချင်ပြည်နယ် ပူတာအိုရှိ စစ်ဘေးရှောင်စခန်းသို့  သွားရောက်ကြမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းမှာ လိုအပ်နေတဲ့ ဆန်များနဲ့အခြားအရာများကို လှူဒါန်းနိုင်ရန်အတွက် အလှူရှင်များကိုလည်း ဖိတ်ခေါ်ထား ပါသေးတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ