Local Celebrity: Miss Universe Myanmar 2017 သရဖူကို အလှမယ် ဇွန်သံစဉ် ဆွတ်ခူးရရှိ

, updated

ဒီနေ့ (အောက်တိုဘာ ၆ ရက်) ညပိုင်းက နိုဗိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play


Miss Universe Myanmar 2017 နောက်ဆုံးအဆင့် အလှမယ် ရွေးချယ်ပွဲတွင် Miss Universe Myanmar 2017 သရဖူကို အလှမယ် ဇွန်သံစဉ်က ဆွတ်ခူးရရှိခဲ့ပါတယ်။

  play


ဆန်ခါတင် အလှမယ် ၂၆ ဦးထဲမှ အဆင့်ဆင့် ရွေးချယ်ခဲ့တာဖြစ်ပြီး 1st Runner Up ဆုကို အလှမယ် ရွှေအိမ်စည်၊ 2nd Runner Up ဆုကို အလှမယ် ဂျာဒင်ကိုင်၊ 3rd Runner Up ဆုကို သွန်းဝတီနဲ့ 4th Runner Up ဆုကို ခင်လပြည့်ဇော်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

play


Miss Universe Myanmar 2017 အဖြစ် ရွေးချယ်ခံရသူဟာ Miss Universe 2017 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။


Photo : စိုင်းဇော်, နစ်ကီ, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ