play

 

Miss Myanmar World 2016 အလှမယ် မြတ်သီရိလွင်ကတော့ ပြိုင်ပွဲပြုလုပ်မယ့် အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့သို့ သွားရောက်ရတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်လေဆိပ်မှာ လည်း သူမရဲ့ ပရိသတ်များက ညနေကတည်းက လာရောက်တွေ့ဆုံကာ အားပေးနေကြပါတယ်။

play

 

မြတ်သီရိလွင်ဟာ ဒီနေ့ ည (၆း၂၀)မှာ ရန်ကုန်လေဆိပ်ကနေ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာမှာ ဖြစ်ပြီး  နိုဝင်ဘာ(၂၆)ရက် ၊ နံနက် ၁နာရီ ၅၅ မိနစ်အချိန်မှာ ဘန်ကောက်လေဆိပ်မှ ABU DHABI သို့ ဆက်လက်ထွက်ခွာမှာဖြစ်ကာ ABU DHABI မှတစ်ဆင့် ၊ အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့ မှာရှိတဲ့ Dulles လေဆိပ် သို့  နိုဝင်ဘာ(၂၆)ရက်နေ့  ညနေ(၄း၃၀)နာရီမှာ ရောက်ရှိမှာဖြစ်ပါတယ်။

play

 

December (18)ရက်နေ့ မှာ အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့ တွင်ရှိသော National Habor တွင် ကျင်းပသွားမယ့် Miss World 2016 ပွဲကြီးကို  Channel 7 ရုပ်သံလိုင်းတွင် December 19 ရက်နေ့  မြန်မာစံတော်ချိန် ည (၉)နာရီ မှ ည(၁၁း၃၀)နာရီတွင် ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : Miss Myanmar World ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video