Local Celebrity: Mr & Miss Myanmar Beauty Paradise 2016 ဆုရရှိခဲ့တဲ့ ခွန်စိုင်းနဲ့ဆိုင်းနူးအောင်

ဒီဇင်ဘာ(၁)ရက်နေ့ညက ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

Mr & Miss Myanmar Beauty Paradise 2016 Grand Final  ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁ ရက် ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ မိန်းကလေး ၁၃ဦးနဲ့ ယောကျာ်းလေး ၁၅ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ခါးနံပါတ် ၁၃ ခွန်စိုင်းနဲ့ ခါးနံပါတ် ၁၁ ဆိုင်းနူးအောင်တို့က ဆုများအသီးသီး ရရှိခဲ့ပါတယ်။

play

 

"အခုရွေးချယ်လိုက်တဲ့  မိန်းကလေးနဲ့ ယောက်ျားလေး နှစ်ယောက်က သွား ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံမတူပါဘူး၊ တစ်နိုင်ငံစီသွားရောက်ယှဉ်ပြိုင်ရမှာပါ" ဟု Mr & Miss Myanmar Beauty Paradise 2016 မှ တာဝန်ရှိသူတစ်ဦးဖြစ် သည့် မဆုသန္တာအောင်ကပြောသည်။

play

 

အဲ့ဒီပြိုင်ပွဲတွင် ဆုရရှိခဲ့တဲ့ Miss Myanmar Beauty Paradise 2016 ဆုရှင် ဆိုင်းနူးအောင်ဟာ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် Miss metropolitan globe ပြိုင်ပွဲသို့  သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၊ Mr. Myanmar Beauty Paradise 2016 ဆုရှင်မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအ တွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမယ့် Mr Continental Tourism ပြိုင်ပွဲကြီးသို့  သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo : Myanmar Beauty Paradise 2016 ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ