play

 

အောက်တိုဘာ(၂၆)ရက်နေ့မှစပြီး နိုဝင်ဘာ(၄) ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပမယ့် Mrs. World 2016 ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် စေလွှတ်သွားမယ်လို့ သိရပါတယ်။ အဲဒီပွဲ အတွက် ပြိုင်ပွဲပြုလုပ်ကာ ရွေးချယ်တော့မှာ မဟုတ်ဘဲ လာရောက်လျှောက်ထားတဲ့ ဖောင်များထဲက အသင့်တော်ဆုံးသူကို ရွေးချယ်စေလွှတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့က ဒီ Mrs. World ပြိုင်ပွဲအတွက်ကို ပြိုင်ပွဲမလုပ်ဖြစ်တော့ဘူး၊ လျှောက်လွှာထဲကဘဲ ရွေးချယ်သွားမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲရက်နဲ့ အရမ်းကပ်သွားပြီ။ ဒီမှာ ပြိုင်ပွဲလုပ်ပြီးရွေးချယ်ဖို့ အချိန်မရှိတော့ဘူး၊ နောက်နှစ် တွေဆိုရင်တော့ ပြိုင်ပွဲလုပ်ပြီးရွေးချယ်သွားမှာပါ၊ " ဟု ယင်းပွဲစီစဉ်သူ Miss Golden Land Myanmar Organization မှ ကိုဝေယံက ဆိုပါတယ်။

Mrs.World ပြိုင်ပွဲကို စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမျိုးသမီးများ၊ အိမ်တွင်းအကြမ်းဖက်မှု လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ပွဲဖြစ်ပြီး အဲဒီပြိုင်ပွဲသို့ နိုင်ငံပေါင်း (၆၀)ကျော်က လာရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video