Local Celebrity: "ချစ်လို့" MTV အတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ အိုင်ရင်းဇင်မာမြင့်

ဒီနှစ်မကုန်ခင် MTV အခွေ ထွက်နိုင်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

play

 

အိုင်ရင်းဇင်မာမြင့်ရဲ့ ဒုတိယတေးစီးရီးဗီဒီယိုကို ဒီနှစ် မကုန်ခင်ထွက်တော့မှာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ MTV ထွက်ဖို့ ကြိုးစားနေရာက ကြာနေတာကြောင့် ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်ကို ရိုက်ကူးပြီး အွန်လိုင်းပေါ်မှာ တင်သွားပေးဖို့ စီစဉ်ထားတယ်လို့ သူမက ပြောပါတယ်။

play

 

" သီချင်းခွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေပါတယ်။ ပထမအခွေတုန်းကလို ပရိသတ်ကြိုက် နှစ် သက်အောင် ပြင်ဆင်နေပါတယ်။ ဒီကြားထဲမှာလည်း ပရိသတ်တွေ အိုင်ရင်းရဲ့ သီချင်းခွေကို စောင့်နေရတာ ကြာနေမှာစိုးလို့ သီချင်းတစ်ပုဒ်ကို Youtube ဖြစ်ဖြစ် ဖေ့စ်ဘွတ်က ဖြစ်ဖြစ် မေတ္တာ လက်ဆောင်အနေနဲ့ တင်ပေးသွားဖို့ ရှိပါတယ်။ သေချာရင် ထပ်ပြီးပြောပြပါမယ်"လို့ သူမက ဆိုပါတယ်။

play

 

"ချစ်လို့" MTVအတွက် သီချင်းရိုက်ကူးမှုကလည်း ခြောက်ပုဒ်လောက် ပြီးသွားပြီလို့ သိရပါတယ်။

Source : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ