Local Celebrity: ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ထွန်းရတီရဲ့ MTV

" ချစ်ပြီးသား" MTV ထဲမှာ တစ်ခွေလုံး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

ထွန်းရတီရဲ့ ဒုတိယ တေးစီးရီးဖြစ်တဲ့ " ချစ်ပြီးသား" စီးရီးကို MTV အဖြစ် ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။ အဲ့ဒီအခွေထဲမှာ သီချင်းအားလုံးကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး မင်းသားတွေကိုပဲ အပြောင်းအလဲ လုပ်သွားမယ်လို့ သူမက ဆိုပါတယ်။

play

 

အခုလက်ရှိမှာတော့ " နင်စွန့်စားရဲလား" သီချင်းကို ပိုင်တံခွန်နဲ့ ရိုက်ကူးထားတယ်လို့ သူမက ပြောပါတယ်။ ကိုယ်ပိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး အခွေထွက်ဖို့ကတော့ အချိန်ယူဦးမယ်လို့ သူမက ဆိုပါတယ်။

play

 

နောက်ပြီး တတိယတစ်ကိုယ်တော်အခွေအတွက်ကိုလည်း သီချင်းတွေ စစုနေပြီလို့ သိရပါတယ်။

Source : 8days Journal

Photo  : ထွန်းရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ