Local Celebrity: "ဟေးမိတ်ဆွေ" MTVအတွက် ကြိုးစားနေတဲ့ အောင်ထက်

နိုဝင်ဘာလဆန်းမှာ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

play

 

ဇာတ်လမ်းတွဲပုံစံမျိုးနဲ့ "ဟေးမိတ်ဆွေ"MTVကို ပုံဖော်ရိုက်ကူးနေတဲ့ အောင်ထက်က သီချင်းခွေကို နိုဝင်ဘာလ ဆန်းမှာ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ အရင်က ဆယ်လပိုင်းကုန်လောက်မှာ ထွက်နိုင်အောင် ကြိုးစားခဲ့ပေမယ့် ရာသီဥတုမကောင်းတာနဲ့ ပါဝင်တဲ့ အနုပညာရှင်တွေနဲ့ ရက်ပြန်ညှိရတာကြောင့် နည်းနည်းနောက်ကျသွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

play

 

MTVကိုလည်း ဇာတ်လမ်းတွဲပုံစံမျိုး ရိုက်ကူးထားပြီး ကိုယ်ပိုင်သီချင်းတွေကိုတော့ လိုချင်တဲ့ ပုံစံမျိုးကို ဒါရိုက်တာကို ပြောပြပြီး ရိုက်ကူးဖြစ်တယ်လို့  သူက ပြောပါတယ်။

play

 

လက်ရှိမှာဖျော်ဖြေပွဲတွေ သွားနေရတဲ့ အောင်ထက်က ပွဲတွေမှာ သီချင်းဟောင်းတွေ သီဆိုဖြစ်သလို သီချင်းသစ် တွေကိုလည်း ပရိသတ်တွေနဲ့ ရင်းနှီးအောင် မိတ်ဆက်တဲ့သဘောမျိုး ဆိုဖြစ်တယ်လို့ ဆိုပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ