Local Celebrity: (၁၁)လပိုင်းမှာ ထွက်မယ့် ပိုပိုရဲ့ "အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို"MTV

အခွေ ပရိုမိုးရှင်းလုပ်တဲ့နေ့မှာလည်း ပရိသတ်တွေအတွက် အစီအစဉ်တွေ အများကြီး ရှိတယ်လို့ သိရပါတယ်။

play

 

အဆိုတော် ပိုပိုရဲ့ "အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို"MTV ကို နိုဝင်ဘာလ(၅)ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။ MTV ရိုက်ကူးမှုများကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတဲ့ သူမက  အခွေထွက်ရှိတဲ့နေ့မှာ ပရိသတ်များအတွက် အစီအစဉ်ကောင်းကောင်းလေးတွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။

play
သူမဝတ်ထားတဲ့ ဂျင်းအင်္ကျီလေးကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်။

 

အခွေထွက်တဲ့နေ့မှာလည်း မျှော်စင်ကျွန်းမှာ Free Show လုပ်မှာ ဖြစ်သလို  သူမကိုယ်တိုင် လုပ်ထားတဲ့ ဂျင်းအင်္ကျီလေးတွေကိုလည်း ပရိသတ်တွေအတွက်မဲဖောက်ပေးမယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

 

မန္တလေးက ပရိသတ်များနဲ့ နိုဝင်ဘာ(၆)ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

Photo  : ပိုပိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ