Local Celebrity: နေတိုးနဲ့ ဝိုင်းစုတို့ သရုပ်ဆောင်ထားတဲ့ "လရိပ်" MTV

အဆိုတော် ဖြိုးပြည့်စုံရဲ့ "မျှော်နိုင်သမျှ" သီချင်းခွေထဲက ဖြစ်ပါတယ်။

အဆိုတော်  ဖြိုးပြည့်စုံကတော့ "မျှော်နိုင်သမျှ " သီချင်းခွေနဲ့ ပရိသတ်တွေအားပေးမှုကို ရရှိထားသူ တစ်ဦး ဖြစ်ပါ တယ်။ "မျှော်နိုင်သမျှ" စီးရီးခွေထဲမှာ ပါဝင်တဲ့ "လရိပ်" သီချင်းလေးကလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ သလို ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီသီချင်းလေးရဲ့ Music Video လေးကိုတော့ နေတိုးနဲ့ ဝိုင်းစုခိုင်သိန်းတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပရိသတ်အားပေးမှု ရရှိထားတဲ့ သီချင်းတစ်ပုဒ်ကို နာမည်ကြီး အနုပညာရှင်တွေနဲ့ သရုပ်ဆောင်ထားပြီး ရင်ထဲကို ရောက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးနိုင်တာကိုလည်း တွေ့ရပါတယ်။

play

 

အဲဒီသီချင်းရဲ့ အဓိပ္ပာယ်ကိုလည်း ဖြိုးပြည့်စုံက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ရေးသားထားပါတယ်။

"ကျွန်တော်တို့  အမြဲ တွေ့ ကြုံ နေရတဲ့  ပျော် စရာခေတ်လူငယ် သမီးရည်းစားတွေ ကြား က အချစ် ပြဿနာ ဒါကို ရည် ညွှန်းထား တဲ့  "လရိပ်" ။ အဲဒီလို မဟုတ်ပါဘူး။  အခြေခံ လူ တွေ ဘဝတည်ဆောက် တဲ့  အခါ ကြုံတွေ့ ရတဲ့  အခက်အခဲ ဒါတွေကြောင့် ပိုလေးနက်တဲ့  အချစ် ဘဝဆန် တဲ့ အချစ် ဖြစ်ချင်တာ တွေ ကို မေထားပြီး ဖြစ်သင့်တာတွေကို ရင်ဆိုင် လူမှုရေး ပြဿနာတွေ ကြားက လက်တွေ့ ဆန်တဲ့ အချစ်။ အဲဒီလို တည်ဆောက်ထားတဲ့  ခက်ခဲ တဲ့ အိမ်ထောင်တစ်ခု ကနေ ဖြစ်တည်လာတဲ့  "လရိပ်"  ပါ" လို့ ရေးသားထားပါတယ်။

"လရိပ်" Music Video ကို ဒါရိုက်တာ စိုင်းအောင်ထွန်းက ရိုက်ကူးပေးထားတာလည်း ဖြစ်ပါတယ်။

Photo : ဖြိုးပြည့်စုံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ