Local Celebrity: အောင်ထက်ရဲ့ ဘဝအမှန်ကို ရိုက်ကူးထားတဲ့ ရွက်ကျပင် MTV

အောင်ထက်နဲ့ Lဘောက်နူးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

လုံခြုံရေး ဝန်ထမ်းဘဝကနေ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ အောင်ထက်က သူ့ရဲ့ ဘဝအမှန်ကို သူ့ရဲ့ သီချင်းခွေထဲမှာထည့်သွင်း ရိုက်ကူးထားပါတယ်။

play

 

အဲဒီသီချင်းကတော့ "ဟေး မိတ်ဆွေ" အခွေထဲက ရွက်ကျပင်ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝအကြောင်းကို သူနဲ့အတူ Lဘောက်နူးတို့က ပါဝင်သရုပ်ဆောင်ကာ ရိုက်ကူးထားပါတယ်။

play

 

အဆိုတော် အောင်ထက်ဟာ "Fame" ဆေးဝါးစက်ရုံရဲ့ လုံခြုံရေးဘဝကနေ ရုန်းကန်လှုပ်ရှားရင်း ဝါသနာပါရာ ဂီတဘက်ကို ဇွဲရှိရှိနဲ့ ကြိုးစားခဲ့ရာက ယခုလို အောင်မြင်ပြီး နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်လို့လာခဲ့ပါပြီ။ တကယ့်ကို ချီးကျူးစရာကောင်းတဲ့ လူငယ်အဆိုတော် တစ်ဦးလည် ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ