play

 

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် X Box က ရှိုးပွဲတွေဆက်တိုက် ဆိုဖြစ်နေသလို "ကိုးပေါက်" MTV ရိုက်ကူးရေးများလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ MTV အခွေကိုလည်း လာမယ့် နှစ်ဆန်းပိုင်း လောက်မှာ ထွက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

ဂီတလောကမှာ ကျင်လည်နေတဲ့ X Box က မကြာသေးခင်က သရုပ်ဆောင်အနေနဲ့ ပထမဆုံး ကြော်ငြာတစ်ခုကို လက်ခံရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီကြော်ငြာကတော့ Ve Ve အချိုရည်ကြော်ငြာဖြစ်ပါတယ်။ သရုပ်မဆောင် တတ်တဲ့ သူ့အတွက် သရုပ်ဆောင်နေတဲ့အချိန်ဟာ မတော်တဲ့ ဘောင်းဘီကို အတင်းစွပ်ပြီး ဝတ်နေရသလို ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။

play

 

ဒါပေမယ့်လည်း သူနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းဆုဦးကလည်း ကူညီပြီး လက်တွဲ ခေါ်ပေးတယ်လို့ သူကပြောပါတယ်။ လာမယ့် New Year မှာတော့ X Box ကတော့ ရန်ကုန်တွင် ရှိနေမှာ ဖြစ်ပြီး ခါတိုင်းဆိုနေကျ ဟစ်ဟော့ပ်ပွဲတွေ ဆိုဖို့ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : X Box ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video