နီနီခင်ဇော်ကတော့ Super Sunday လေးအတွက် သူမရဲ့"U" အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ကို Music Video အနေနဲ့ တင်ပေးလိုက်ပါ တယ်။

အဲ့ဒီသီချင်းလေးကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက် ပရိသတ်တွေအတွက် နမူနာလေး တင်ပေးခဲ့ရာ ပရိသတ်များရဲ့ အားပေးမှု ရရှိခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီသီချင်းကတော့ "Good kisser'' ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ အဲ့ဒီသီချင်းမှာတော့ မြန်မာနိုင်ငံက မိန်းကလေးများရဲ့ အသည်းစွဲ အဝင်းလို့ သိကြတဲ့ မြန်မာပြည်ဖွား ဂျပန်အဆိုတော် မိုရီဆာကီဝင်းနဲ့ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အချေမင်းသမီးလေးလို့ တင်စားခေါ်ကြတဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ Music Video လေးကိုတော့ နီနီခင်ဇော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျက လွန်ခဲ့တဲ့ သုံးနာရီလောက်က တင်ခဲ့တာပါ။ တင်ခဲ့တဲ့ သုံးနာရီအတွင်းမှာ ကြည့်ရှုသူ ပရိသတ်ပေါင်း တစ်သိန်းလေးသောင်းကျော်ရှိလို့ သွားပါပြီ။ Shares တဲ့သူကတော့ တစ်သောင်းကျော် ရှိခဲ့ပါတယ်။

play

အလန်းစား Music video လေးကို ပရိသတ်တွေအတွက် ပြန်ထည့်ပေးလိုက်တယ်နော်။

Postby

 

နီနီခင်ဇော်ရဲ့ "U" အယ်လ်ဘမ်ကတော့ အောက်တိုဘာ (၂၉)ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးနောက် ပရိသတ်များရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

အဲ့ဒီသီချင်းခွေမှာ သီချင်းခွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို အပြောင်းအလဲလေးတွေ လုပ်ထားပါတယ်တဲ့။ နောက်ထပ် ထူးခြားတာတစ်ခုကတော့ သီချင်းခွေရဲ့ တစ်ဝက်လောက် ရှိတဲ့ အပုဒ်တိုင်းကို သူမကိုယ်တိုင် ရေးသားထားတယ်လို့လည်း ဆိုပါတယ်။ သူမရဲ့ အခွေလေးကတော့ ပရိသတ်အကြိုက်တွေ့ခဲ့ပါတယ်။

Photo : နီနီခင်ဇော် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video