Local Celebrity: အနုပညာရှင်များ လာရောက်အားပေးခဲ့တဲ့ မိစန္ဒီရဲ့ "My Boo" Brand မိတ်ဆက်ပွဲ

စတင်မိတ်ဆက်တဲ့ နေ့မှာပဲ ပရိသတ်အားပေးမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုတော်မိစန္ဒီရဲ့ ပထမဆုံး ထုတ်လုပ်ဖြန့်ချိတဲ့ "My Boo" Brand  မိတ်ဆက်ပွဲနဲ့ စတင်ရောင်းချခြင်း အခမ်းအနားကို ဒီနေ့ (အောက်တိုဘာ၅)ရက်နေ့က လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ စတင် မိတ်ဆက်ရောင်းချတဲ့ နေ့မှာဘဲ ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ပစ္စည်းများ ပြတ်သွားတဲ့ အထိကို ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

play

 

"ဒီပစ္စည်းလေးက မိစန္ဒီရဲ့ အနုပညာငွေကြေးလေးတွေကို စုဆောင်းပြီးတော့ ပထမဆုံးလုပ်တဲ့ စီးပွားရေးလေးပါ။ မိစန္ဒီကိုယ်တိုင် သေသေချာချာလေးကို ပြင်ဆင်ထားတာပါ။ အင်္ကျံဒီဇိုင်း တစ်မျိုးကို အထည် ၁၅၀ ပဲ ထွက်မှာပါ။ အဲဒီ ၁၅၀ ကုန်သွားရင် နောက်ထပ် ထပ်မထွက်တော့ပါဘူး။ ဈေးနှုန်းလေးတွေကိုလည်း လူငယ်တွေအတွက် အသင့်တော်ဆုံး ဖြစ်အောင် လုပ်ပေးထားပါတယ်"လို့ သူမကဆိုပါတယ်။

play

 

သူမရဲ့ အနုပညာငွေကြေးများကို စုဆောင်းကာ ပထမဆုံး ပြုလုပ်တဲ့ စီးပွားရေးဖြစ်ပြီး  "My Boo" Brand တွေကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး ဒီ "My Boo" Brand  များ ကုန်သွားရင်လည်း နောက်ထပ် Brand များကိုလည်း ထပ်ထုတ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

"My Boo" Brand လေးတွေကို GENIUS clothing (Yangon & Mandalay) ၊ နဲ့ My Boo page တွင် အောက်တိုဘာ(၅)ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ