Local Celebrity: "My Boo" အမှတ်တံဆိပ် အဝတ်အထည်များ ထုတ်မယ့် မိစန္ဒီ

မိတ်ဆက်ပွဲကိုတော့ အောက်တိုဘာ(၅)ရက်နေ့ လှည်းတန်းစင်တာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

လပေါင်းများစွာ စိတ်ရောကိုယ်ပါနှစ်ပြီး အသေးစိတ်ကအစ ကြိုးစားပြင်ဆင်ထားတဲ့ မိစန္ဒီရဲ့ "My Boo" အမှတ်တံဆိပ်အဝတ်အထည်နဲ့ Limited Collections ကို မကြာခင် ပရိသတ်များနဲ့ မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။

play

 

"My Boo" အမှတ်တံဆိပ်အဝတ်အထည်နဲ့ Limited Collections မိတ်ဆက်ပွဲအခမ်းအနားကိုလည်း အောက်တိုဘာ(၅)ရက်နေ့၊ ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ညနေ(၃)နာရီတွင် ကျင်းပသွားမယ်လို့ သိရပါတယ်။

play

မိစန္ဒီရဲ့ "My Boo" အမှတ်တံဆိပ်မိတ်ဆက်ပွဲ အခမ်းအနားကို ပရိသတ်များလည်း လာရောက်ဖို့ သူမရဲ့ ဖေ့စ်ဘွတ် ကနေ ဖိတ်ခေါ်ထားပါသေးတယ်။

play

 

"မိစန္ဒီ ရဲ့ "My Boo" ပွဲလေးက Oct, 5ရက်နေ့ (ဗုဒ္ဓဟူးနေ့ ) မှာ လုပ်မှာဆိုတော့ အလုပ်တွေ ကျောင်းတွေ နဲ့ မအားကြဘူး ပရိသတ်တွေ အများကြီး မလာနိုင်ကြဘူးဆိုတာ သိပါတယ်။ အစက ဒီအတိုင်း စာနယ်ဇင်း နဲ့ Media အစ်ကိုအမတွေ၊ အနုပညာမောင်နှမတွေနဲ့ သူငယ်ချင်း တွေပဲ ဖိတ်ပြီး ခါတိုင်းလို Hotel လေး တစ်ခုခုမှာ စာနယ်ဇင်းပွဲ လေးပဲ လုပ်တော့မလို့ ပါပဲ ။ ဒါပေမဲ့ ပရိတ်သတ်ကြီး ကိုလည်း လာစေချင်လို့ "လှည်းတန်းCenter" မှာ တမင် Public Launching Event လေးလုပ်လိုက်တာပါ။

မိစန္ဒီ Oct တစ်လလုံး စနေ ၊ တနင်္ဂနွေတိုင်းလိုလို ခရီးထွက်ရမှာရယ် ၊Centerမှာ ရက်မရတာရယ်နဲ့ "ဗုဒ္ဓဟူးနေ့ " လေးပဲ လုပ်ဖြစ်လိုက်တာကို နားလည်ခွင့်လွှတ်ပေးပါနော် ။ မိစန္ဒီ လည်းဖြစ်နိုင်ရင် စနေ၊တနင်္ဂနွေ ပဲ လုပ်ချင်တာပါ Fashion Show တွေ ၊ အခြားဖျော်ဖြေရေး အစီအစဉ်တွေ နဲ့ သေချာလေး စီစဉ်ထားတဲ့ ပွဲလေးမို့  အားလုံးပဲ ကြိုးစားပြီး လာခဲ့ပေးပါနော်" လို့ သူမရဲ့ ပရိသတ်များကို ဖိတ်ခေါ်ထားပါတယ်။

Photo : မိစန္ဒီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ