Local Celebrity: ဒိုင်အဖြစ် မြန်မာပြည်သိန်းတန် ပါဝင်မယ့် Myanmar Idol season -2

, updated

ဒိုင်အပြောင်းအလဲ ဖြစ်သွားတဲ့ Myanmar Idol season -2 အတွက် အသံစစ်ဆေးမှုတွေကို စတင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

play

 

စက်တင်ဘာလ လလယ်ပိုင်းလောက်တွင် အသံစစ်ဆေးမှုနဲ့ လူရွေးချယ်ခြင်းများ ပြုလုပ်တော့မယ့်  Myanmar Idol season -2 မှာ မြန်မာနိုင်ငံရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီးနေတဲ့ မြန်မာပြည်သိန်းတန်က ဒိုင်အဖြစ် ပါဝင် သွားမှာ ဖြစ်ပါတယ်။ ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ တင်ဇာမော်၊ မေဆွိတို့က ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကာ အစီအစဉ်တင်ဆက်သူအနေနဲ့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။

play

 

Myanmar Idol season -2 အတွက် အသံစစ်လူရွေးချယ်ခြင်းများကို  နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ဘားအံနဲ့ ရန်ကုန်မြို့များတွင် နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ကျင်းပသွားမည်ဖြစ်ကာ လျှောက်လွှာများကို Sky Net ရုံးခွဲတည်ရှိရာ နေရာများတွင် အခမဲ့ ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့အကျော်ကြားဆုံး American Idol သီချင်းဆိုပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် Myanmar Idol အမည်ဖြင့် ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူကြိုက်အများဆုံး သီချင်းဆိုပြိုင်ပွဲ တစ်ခုဖြစ်ခဲ့ပါသည်။ Myanmar Idol Season-2 Winner အတွက် ငွေကျပ်သန်း၂၀ နှင့်အတူ တစ်ကိုယ်တော် တေးစီးရီး အယ်လ်ဘမ် တစ်ချပ် ထုတ်လုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Source : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ