Local Celebrity: ဘားအံမြို့မှာ အသံစစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်တဲ့ Myanmar Idol Season-2

, updated

ရန်ကုန်မြို့သို့ မကြာခင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

play

 

Myanmar Idol Season-2 သီချင်းဆိုပြိုင်ပွဲအတွက် အသံစစ်ဆေးမှုကို ဘားအံမြို့တွင် ပြုလုပ်နေပြီလို့ သိရပါတယ်။ ဘားအံမြို့တွင် အောက်တိုဘာ(၈)ရက်နေ၊ (၉)ရက်နေ့တို့မှာ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး မကြာခင် ရန်ကုန်မြို့သို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

play

 

Myanmar Idol Season-2 အသံစစ်ဆေးရွေးချယ်ခြင်းကို နေပြည်တော်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် ပြုလုပ်ခဲ့ပြီးပြီ။ ပြိုင်ဝင်အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အသံစစ်ဆေးရွေးချယ်မှုများကို MNTV ရုပ်သံလိုင်းများတွင် ပြန်လည်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး ရန်ကုန်မြို့တွင် ယှဉ်ပြိုင်မယ့် လက်ရွေးစင်အဆိုဝါသနာရှင်များရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုများကို MNTV တွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်သလို Channel 9 ရုပ်သံလိုင်းမှလည်း ပြန်လည်ပြသမယ်လို့ သိရပါတယ်။

Source : Yangon Media Group

Photo  : Myanmar Idol ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ