AD
AD
AD
play

 

နိုင်ငံတကာ အဆင့်မီ Myanmar Int`s Fashion Week 2016 show ပွဲကြီးကို ရန်ကုန်မြို့ ၊တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင် အောက်တိုဘာလ(၉)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သုံးရက်ကြာ ကျင်းပ မယ့် အဲ့ဒီ ရှိုးပွဲတွင် နိုင်ငံခြား ဒီဇိုင်နာများနဲ့ မြန်မာဒီဇိုင်နာများစွာရဲ့ ခေတ်နဲ့အညီ တီထွင်ဆန်းသစ်ထား သော ဒီဇိုင်များကို မြန်မာမော်ဒယ်အယောက်၁၀၀နဲ့ ဥရောပမော်ဒယ်၅ဦးတို့ က ဝတ်ဆင်ပြသသွားမှာ ဖြစ်တယ်လို့ Star Event production ရဲ့ CEO ကိုဂျွန်လွင်က ပြောပါတယ်။

play

 

အခမဲ့ ရှိုးပွဲဖြစ်ပေမယ့် VIP Ticket များထုတ်ပေးသွားမှာ ဖြစ်ပြီး VIP Ticket များပါပါက ထိုင်ခံနှင့်ကြည့်ရမှာ ဖြစ်ပြီး မပါတဲ့သူများကတော့ Stand အနေနဲ့ ကြည့်ရမှာ ဖြစ်တာကြောင့် VIP Ticket များကို စပွန်ဆာပေးတဲ့ ကုမ္မဏီတွေ ဆီမှာ ထုတ်ယူလို့ ရသလို www.stareventproduction.comမှာဆက်သွယ်ပြီး ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD