Local Celebrity: Myanmar Youth Micro Film Contests ပြိုင်ပွဲမှာ "အနံ့အသက်" ဇာတ်လမ်းတွဲ ပထမဆုရရှိခဲ့

ဖိုင်နယ်ပွဲကို အောက်တိုဘာ(၉)ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

Myanmar Youth Micro Film Contests ဖိုင်နယ်ပြိုင်ပွဲမှာ အကောင်းဆုံး ရွေးချယ်ထားခြင်း ခံထားရတဲ့ ဇာတ်ကား (၃၀)ထဲကမှ ဇာတ်ကား(၁၀)ကားကို ကြေညာရွေးချယ်ပြသခဲ့ကာ  ယင်းတို့ထဲမှ ပထမ ဒုတိယ တတိယနှင့် နှစ်သိမ့်ဆုများ ကို ပြိုင်ပွဲဝင်ဇာတ်ကား ရလဒ်ပိုမိုတိကျပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဖိုင်နယ်ပြိုင်ပွဲ ပဏာမဒိုင်များထဲမှ ဒိုင်လူကြီးမင်း ၄ဦးဖြစ်သော ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ မလိခ စိုးထိုက်အောင်၊ ဒါရိုက်တာ ညိုမင်းလွင် နှင့် ဒါရိုက်တာ ၀ီရအောင် တို့နှင့်အတူ ဖိုင်နယ်ပြိုင်ပွဲ ဒိုင်လူကြီးမင်းများဖြစ်သော မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ၊ ရွေသံလွင် မီဒီယာ(FTA ဥက္ကဋ္ဌ) ဒေါ်နန်းမောက်လောဝ်ဆိုင် နှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီး အစရှိသော ဒိုင်လူကြီးမင်း ၃ဦး စုစုပေါင်း ၇ဦးဖြင့်ဖိုင်နယ်ပြိုင်ပွဲအတွက် အကဲဖြတ်အမှတ်ပေးခဲ့ကြပါသည်။

play

 

အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး  ဒါရိုက်တာ နှောင်းအိမ်သစ် ရိုက်ကူးထားတဲ့ MF2 -124 "အနံ့အသက်" ဇာတ်လမ်းက ပထမဆု ရရှိခဲ့ပြီး၊ ဒါရိုက်တာ သိန်းကိုဝင်း ရိုက်ကူးထားတဲ့  “MF2-133 ထင်ဟပ်စေသော” ဒုတိယဆု၊ ဒါရိုက်တာ ဇန်မိုးဦး ရိုက်ကူးထားတဲ့  “MF2-105 freak - Quency”  တတိယဆုရရှိခဲ့ကာ နှစ်သိမ့်ဆုများကိုတော့  “MF2-013 Be Yourself” ဒါရိုက်တာ စိုးဝင့်ထက်၊ “MF2-015 Save The Home” ဒါရိုက်တာ ကောင်းမြတ်သူကျော်၊  “MF2-050 မေမေ့ထံသို့ပေးစာ” ဒါရိုက်တာ အောင်ချမ်းလူ၊  “MF2-096 The Bird which want to fly back home”ဒါရိုက်တာ Allan၊ “MF2-097 ဟန် Part 2” ဒါရိုက်တာ လွင်ကိုကိုဦး၊ “MF2-104 ABOVE” ဒါရိုက်တာ မင်းသူအောင် ၊  “MF2-126 Heart Beat” ဒါရိုက်တာ အောင်မြင့်မြတ် တို့ ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အဲဒီဆုတွေများထဲမှ ပရိသတ်အကြိုက်ဆုံးဆုကိုတော့ ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးထားတဲ့  “MF2-050 မေမေ့ထံသို့ပေးစာ” ဇာတ်လမ်းက ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ