AD
AD
AD

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာ ထိုင်းကုမ္ပဏီတစ်ခုရဲ့ ဖိတ်ကြားချက်ကြောင့်ထိုင်းကို ရောက်ရှိနေပါတယ်။ New Year ညလေးကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းဖြစ်မယ်လို့ သူက 7day Daily မှာပြောပြထားပါတယ်။

ရန်ကုန်ကိုတော့ ဇန်နဝါရီ(၄) ရက်နေ့မှ ရောက်မယ်လို့ သိရပါတယ်။

play

 

ပိုင်တံခွန်ကတော့ နိုင်ငံခြားခရီးတွေ သွားဖြစ်နေတာကိုလည်းတွေ့ရပါတယ်။မော်ဒယ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မိဘကို သိတတ်သူ တစ်ယောက် ဖြစ်ရုံသာမက ပရဟိတ စိတ်ဓာတ်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အသက် ၂၁ နှစ်ပြည့်မွေးနေ့မှာလည်း  သီချင်းခွေ ရောင်းရငွေ အားလုံးနဲ့ အလှူရှင်တွေလှူဒါန်းတဲ့ ငွေစုစုပေါင်းငွေကျပ်သိန်း(၅၀)ကို အနန္တမေတ္တာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ လှူဒါန်းခဲ့ပါတယ်။

play

 

မွေးနေ့အလှူအဖြစ် ငွေကြေးအပြင် ကလေးတွေအတွက် ကျောင်းအင်္ကျီများ၊ စာရေးကိရယာမျိုးစုံကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ မွေးနေ့လေးမှာ မိုးရွာတဲ့ ကြားက ကလေးတွေနဲ့အတူ ရွှေတိဂုံဘုရားသို့သွားရောက်ခဲ့ပြီးတော့ ကလေးတွေကို တိရစ္ဆာန်ဥယျာဉ်ကိုလည်း  လိုက်ပို့ခဲ့ပါသေးတယ်။

သူ့ရဲ့ ပရဟိတစိတ်ဓာတ်လေးကိုတော့ ပရိသတ်တွေ အားကျခဲ့ကြပါတယ်။ သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ ထုတ်ထားတဲ့ ပိုင်တံခွန်ရဲ့ချစ်သူ ဆိုတဲ့ သီချင်းခွေလေးကိုလည်း ထွက်ရှိထားပါသေးတယ်။

Photo : ပိုင်တံခွန် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD