Local Celebrity: New York Fashion Week သို့ ရောက်ရှိနေတဲ့ မေမြတ်နိုး

မြန်မာကိုယ်စားပြုအနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

play

 

အမေရိကန် နယူးယောက်မြို့တွင် ပြုလုပ်တဲ့ New York Fashion Week ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ မေမြတ်နိုးက တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲ့အတွက်ကိုလည်း သူမကိုယ်တိုင်က ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

play

 

‘‘ပွဲကြီးက တကယ်ကို လူတွေအများကြီး။ ဒီဇိုင်နာတွေ၊ မော်ဒယ်တွေ တက်တဲ့ပွဲကြီး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်၊ ဂုဏ်လည်းယူတယ်’လို့ မေမြတ်နိုးက 7day သတင်းစာကို ဖြေထားပါတယ်။

play

 

အဲ့ဒီပွဲကို ဒီဇိုင်နာမိုးကိုတ်ပေါက်ပေါက် စီစဉ်ပေးတဲ့ ဝတ်စုံများနဲ့ တက်ရောက်ခဲ့ပြီး လူအများရဲ့ စိတ်ဝင်စားခြင်း ကိုလည်း ခံခဲ့ရပါတယ်။

play

 

မေမြတ်နိုးက Asia Next Top Model Cycle 4 တွင် Maybelline 'it' Girl အဖြစ် အမှတ်အများဆုံးရရှိခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပတဲ့ New York Fashion Week သို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ှSource : 7day Daily

Photo  : မေမြတ်နိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ