Local Celebrity: "Non-stop" MTV အတွက် အချိန်ယူ ရိုက်ကူးနေတဲ့ နန်းခင်ဇေယျာ

ဒီနှစ်မကုန်ခင် MTV အခွေထွက်နိုင်အောင် ကြိုးစားနေတယ်လို့ သူမက ဆိုပါတယ်။

play

 

သြဂုတ်လ (၇) ရက်နေ့က ပြုလုပ်ခဲ့သော  Miss Universe Mandalay 2016 ပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ အလှမယ် နန်းခင်ဇေယျာက သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ "Non-Stop" MTV အခွေအတွက် အချိန်ပေး ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။

play

 

အဲ့ဒီအခွေကို ယခုနှစ်ထဲတွင် ထွက်နိုင်ဖို့အတွက် ကြိုးစားနေသလို သီချင်းအများစုတွင်လည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ယခုလက်ရှိအချိန်ထိ သီချင်းခြောက်ပုဒ်ရိုက်ကူးပြီးသွားပြီ ဖြစ်ကာ နောက်ထပ် ရိုက်ကူးဖို့ သီချင်းလေးပုဒ်ပဲ ကျန်တော့တယ်လို့ သူမက ပြောပါတယ်။

play

 

ဒီလထဲမှာလည်း ဗီဒီယို ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သူမက ဆိုပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ