Local Celebrity: မကြာခင် ထွက်မယ့် နန်းခင်ဇေယျာရဲ့" Nonstop" MTV

ပရိသတ်တွေနဲ့လည်း တွေ့ဆုံသွားမှာပါ။

play

 

နန်းခင်ဇေယျာရဲ့ "Nonstop"MTV ကို မကြာခင် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ သူမရဲ့ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ Nonstop ကတော့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံထားရတဲ့ စီးရီးခွေလည်း ဖြစ်ပါတယ်။ MTV အတွက် အကောင်းဆုံးဖြစ်အောင် အချိန်ယူပြင်ဆင်ခဲ့ရာက ယခုလ ဒီဇင်ဘာ ၂၅ရက်နေ့မှာတော့ ပရိသတ်တွေ လက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

play

 

သူမရဲ့ "Nonstop" MTV ထဲမှာလည်း သီချင်းအများစုကို သူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အခွေထွက်တဲ့နေ့မှာလည်း ရန်ကုန်မြို့Dagon Centre Outdoor Area မှာ ညနေ၄နာရီမှ၇နာရီအထိ အနုပညာ ရှင်များက အမှတ်တရလက်မှတ်ရေးထိုးမယ့် အစီအစဉ်နဲ့အတူ သီဆိုဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ "Nonstop" စီးရီခွေထဲပရိုမိုးရှင်းကိုတော့ ရန်ကုန်မှာတင်မက မုံရွာမြို့မှာလည်း ဒီဇင်ဘာ(၂၈)ရက်နေ့ ၊ မန္တလေးမြို့မှာ ဒီဇင်ဘာ(၂၉)ရက်နဲ့ မော်လမြိုင်မြို့မှာတော့ ဇန်နဝါရီ ၁၄ရက်နေ့တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo : နန်းခင်ဇေယျာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ