Local Celebrity: One Lady Show လုပ်မယ့်ရက် နောက်ဆုတ်လိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ကောလာဟလတွေလည်း ခေါင်းထဲမရှိဘူးလို့ ဆိုပါတယ်။

play

 

ဝိုင်းစုခိုင်သိန်းက  တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလလောက်မှာ လုပ်ဖို့ ကြေညာထားပေမဲ့ ပြင်ဆင်ချိန် သိပ်မရတော့တာကြောင့် One Lady Showလုပ်မယ့်ရက်ကို နောက်ဆုတ်လိုက်တယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲ လုပ်မယ့် အချိန်ဟာ နှစ်လလောက်ပဲ လိုတော့သလို နှစ်လအတွင်း ပွဲတွေ လက်ခံထားတာ တွေ ရှိသေးတာကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နောက်ဆုတ်လိုက်တာလို့ ဆိုပါတယ်။

One lady Showကို ၂၀၁၇ (၁၀)လပိုင်းလောက်မှ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူမရဲ့ "ဂါ"စီးရီးခွေ ကိုလည်း ပရိသတ်တွေ အားပေးမှု တွေ့ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်လို့ သူမက ပြောပါတယ်။

play

 

လတ်တလောမှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ခေါင်းထဲမှာ မရှိကြောင်းနဲ့ အလုပ်တွေ ကိုပဲ ခေါင်းထဲထည့်ထားတယ်လို့ Myanmar Celebrity ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source : Myanmar Celebrity

Photo  : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ