Local Celebrity: One Man Show ကရရှိတဲ့ ငွေကြေးတချို့ကို ပရဟိတလုပ်မယ့် R ဇာနည်

ပရဟိတအလှူအနေနဲ့ အသည်းဖောင်ဒေးရှင်းတစ်ခုခုကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

play

 

ရန်ကုန်မှာ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်မယ့် အဆိုတော် Rဇာနည်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို စက်တင်ဘာ(၂၅)ရက်နေ့ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

တစ်ကိုယ်တော်ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတချို့ကိုလည်း ပရဟိတအလှူအနေနဲ့ အသည်းဖောင်ဒေးရှင်း တစ်ခုခုကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

Rဇာနည်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ သီချင်းအပုဒ်ရေ စုစုပေါင်း (၂၀)ကျော်လောက် ဖျော်ဖြေသွားမှာ ဖြစ်ပြီး The Tree Brand နဲ့ တီးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo :  ပြည်မြန်မာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ