Local Celebrity: ခရစ္စမတ်အကြို ကျင်းပမယ့် OPERA MUSICAL ပွဲတော်

play

 

ခရစ္စမတ်အကြို OPERA MUSICAL ပွဲတော် ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် MCC ခန်းမမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲ့ဒီပွဲတော်မှာ လူငယ်ဂီတပညာရှင်များရဲ့ သီဆိုဖျော်ဖြေမှုများ၊ တီးခတ်မှု၊ Azala Stars အဖွဲ့ရဲ့ နိုင်ငံတကာရိုးရာအက များ၊ နိုင်ငံကျော် Jin Dal Lea Choir အဖွဲ့မှ ဖျော်ဖြေမှုများနဲ့ စိတ်ပညာဆိုင်ရာ Mind  lecture  ပို့ချမှုများ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရစ္စမတ်အကြို အော်ပရာ Musical ပွဲတော်တွင် ခရစ်ယာန် ဘာသာဝင်များအတွက်သာမဟုတ်ပဲ တခြားဘာသာ ၀င်များလည်း ပါဝင်နိုင်စေရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။   ခရစ္စမတ်အကြို အော်ပရာ Musical ပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် မနက် ၁၀နာရီခွဲမှ ၁နာရီအထိ ကို ပထမပိုင်း၊ ညနေ ၆နာရီခွဲမှ ၉နာရီခွဲ အထိ ကို ဒုတိယပိုင်း အနေနဲ့ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်နှုန်းထားများမှာ ၃၀၀၀ကျပ်၊ ၅၀၀၀ကျပ်၊ ၈၀၀၀ ကျပ်ဖြင့်  ၀၁-၆၄၆၅၃၃ ၊ ၀၉-၉၇၀၀၉၀၄၆၁ တို့တွင် ၀ယ်ယူရရှိနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ