Local Celebrity: Popသီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ညတစ်ည

, updated

အဆိုတော်များစွာ ပါဝင်သီဆိုခဲ့တဲ့ A Night of Pop 2016 ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။

play

 

စက်တင်ဘာ၂၃ ရက်နေ့က MCC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့  A Night of Pop 2016  ဖျော်ဖြေပွဲများကတော့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ညတစ်ညလည်း ဖြစ်ပါတယ်။ နာမည်ကျော်အဆိုတော်များဖြစ်ကြတဲ့ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ဇော်ပိုင်၊ ဖိုးကာ၊ စော လားထော်ဝါး၊ M ဇော်ရိန်၊ ထွန်း အိန္ဒြာဗို၊ ပန်းရောင်ခြယ်၊ နင်ဇီ မေ၊ Sophia Everest နဲ့ ခိုင် သဇင်သင်းတို့က ဖျော်ဖြေပေးခဲ့ကြသလို အဆိုတော်သစ်များကလည်း Pop သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။

play

 

စုံတွဲသီချင်းများကို ဂရေဟမ်နဲ့ ပန်းရောင်ခြယ်တို့သားအဖက Wake up Daddy သီချင်းနဲ့ ဖျော်ဖြေခဲ့သလို ထွန်းအိန္ဒြာဗိုနဲ့အတူ ဇော်ပိုင် ဒါဟာအချစ်လား နဲ့ မျိုးကျော့မြိုင်နဲ့ မိုးလေးဖွဲတုန်းသီချင်းများက ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ