Local Celebrity: သဉ္ဇာနွယ်ဝင်းရဲ့ Pre Wedding ဓာတ်ပုံများ

မကြာခင် မင်္ဂလာပွဲ ကျင်းပတော့မယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ မကြာခင် မင်္ဂလာပွဲ ကျင်းပတော့မယ်လို့ သိရပါတယ်။ Pre Wedding ရိုက်ကူးထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကလည်းအွန်လိုင်းမှာ ပြန့်နေပါတယ်။

play

 

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ သတို့သားလောင်း Steven Hla တို့ရဲ့ စုလျားရစ်ပတ်ထိမ်းမြား မင်္ဂလာဧည့်ခံပွဲနဲ့ မင်္ဂလာညစာစားပွဲများကို လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရဲရင့်အောင်နဲ့ လမ်းခွဲပြီး နောက်ပိုင်းမှာ သဉ္ဇာနွယ်ဝင်း သတို့သားလောင်း Steven Hlaနဲ့ သဉ္ဇာနွယ်ဝင်းတို့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ ပြန့်ခဲ့တာကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါသေးတယ်။ အခုဆိုရင် မင်္ဂလာပွဲတောင် ကျင်းပတော့မယ့် သဉ္ဇာနွယ်ဝင်းကတော့ သူမရဲ့ ပရိသတ်တွေကို ဘာမှ ပြောပြထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

play

 

သဉ္ဇာနွယ်ဝင်းကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားသူတစ်ဦးဖြစ်ပြီး နေရာတစ်နေရာရရှိအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ သူမရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆိုရင် "ရည်းစားဦး" ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Source : Myanmar Celebrity

Photo : My Dream Wedding Studio

ရည်းစားဦး (Tralier)
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ