လူရွှင်တော် သရုပ်ဆောင် ကြာစိကတော့ Pre Wedding ဓာတ်ပုံတောင် ရိုက်နေပါပြီ။ သူ့ရဲ့ ကောင်မလေးကလည်း အရမ်းကို ချစ်စရာ ကောင်းလှပါတယ်။ 

ကြာစိရဲ့ Pre Wedding ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတစ်ခု ဖြစ်လို့ နေပါတယ်။

play

 

ကောင်မလေး ချောချောလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ရရှိသွားခဲ့တဲ့ သူ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်။ ဓာတ်ပုံတွေကိုတော့ Aroma မှာ ရိုက်ကူးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦး ရိုက် ကူးထား တဲ့ ဓာတ်ပုံလေးတွေကိုလည်း Tin Ko ဆိုတဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပြီး 5 Star အဖွဲ့ဝင် အောင်သော်က ပြန် Share ထားတာ ဖြစ်ပါတယ်။

play

 

ကြာစိကတော့ ချစ်သူကောင်မလေးကို တော်တော် ချစ်ပုံရပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၅)ရက်နေ့က ကောင်မလေး အလှပြင်နေတဲ့ ဓာတ်ပုံလေးကို ရိုက်ပြီး "အမြဲတမ်းပဲ မင်းရဲ့ အနားက အရိပ်ကလေး အဖြစ် နေချင်တယ်ဆိုပြီး"  ရေး သားထားပါသေးတယ်။

play

 

5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန်အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။

အဲ့ဒီသီချင်းကတော့ "ကံစေရာ" ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် သီချင်း ဗီဒီယိုဖိုင်လေးကို ပြန်ထည့်ပေးလိုက်ပါတယ်နော်။

 

Photo : ကြာစိ ဖေ့စ်ဘွတ်၊ Tin Ko ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video