AD
AD
AD
play

 

သရုပ်ဆောင် အောင်ရဲလင်းရဲ့ ဖေ့စ်ဘွတ်အကောင့်က လက်ရှိမှာ အဟတ်ခံထားရတယ်တဲ့။ နဂိုကတည်းကမှ ပွဲတွေသိပ်မတက်ဖြစ်သလို အေးအေးဆေးဆေးနေတက်တဲ့သူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသလို ဖြစ်နေပြီး ဖေ့စ်ဘွတ်အကောင့်အဟတ်ခံရတော့ ပိုလို့တောင် အဆက်အသွယ်ပြတ်သွားခဲ့တယ်တဲ့။

ဖေ့စ်ဘွတ်အကောင့်အဟတ်ခံရတာ ငါးရက်ကျော်နေပြီဖြစ်ပေမယ့် ဥစ္စာမှန်ရင်တော့ ပြန်ရမှာပေါ့လို့ သူက ဆိုပါတယ်။

play

 

သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟတ်တဲ့အပေါ်မှာလည်း ဘာမှပြောချင်တာမျိုးမရှိပေမယ့် သူ့အကောင့်ကို ဟတ်လည်း သူ့ရဲ့ Privacy နဲ့ ပတ်သက်ပြီး ဘာမှ သိရမှာမဟုတ်ဘူးလို့ Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

"ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတယ်ဆိုတာက ကိုယ်တိုင်ကလည်း အနေအေးတာပါတယ်။ ပြီးတော့ ပွဲလမ်းသဘင် သိပ်မတက်ဖြစ်ဘူး။ နောက်ပိုဆိုးတာက အကို့ဖေ့စ်ဘွတ်ကလည်း အဟတ်ခံထားရတယ်။ အရင်တုန်းတော့ ဖေ့စ်ဘွတ်ကနေ ပုံလေးတွေဘာလေးတွေ တင်တာပေါ့။ အခုဆိုရင် အဲ့လိုလည်းလုပ်မရဘူးဖြစ်နေတာပေါ့။ နည်းနည်းပိုပြီး အလှမ်းဝေးတာပေါ့။ ဘယ်သူဟတ်လည်းတော့ မသိပါဘူး။ ဥစ္စာမှန်ရင်တော့ ပြန်ရမှာပေါ့။ အကိုရဲ့ Privacy ကို ဝင်ကြည့်မယ်ဆိုတော့ ဘာမှရှိမှာမဟုတ်ဘူး။ အကိုက အဲ့လိုမျိုးသိပ်မထားဘူး ။အခုနောက်ပိုင်းက ပိုဆိုးတယ်လေ။

ITကျွမ်းကျင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်တွေဘာတွေဟတ်နိုင်ကြတာပဲဆိုတော့ ။ စကားပြောချင်ရင် လူနဲ့တွေ့ပြီး ပြောလိုက်တယ်။ ချက်ဘောက်တို့ မက်ဆေ့ခ်ျတို့လည်း မပြောဘူး ။ ဖုန်းပြောရင်လည်း အသံတွေဘာတွေဖမ်းနိုင်တော့ ပြောချင်ရင် လူချင်းတွေ့ပြီးပြောလိုက်တယ်။ အများကြီး သတိထားရတာပေါ့။"လို့ သူကပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင်အောင်ရဲလင်းဟာ ယခုလက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေပါတယ်။

Beauty Blogger နေခြည်ဦးနဲ့လမ်းခွဲပြီးနောက်မှာလည်း အနုပညာလောကထဲကမဟုတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်နေတဲ့ဆိုတဲ့ သတင်းတွေကြောင့် အောင်ရဲလင်းရဲ့ အချစ်ရေးဟာပရိသတ်စိတ်ဝင်စားချင်းကို ခံနေရတာပါ။

Photo : အောင်ရဲလင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD