Local Celebrity: ဇန်နဝါရီ (၇)ရက်နေ့ထွက်မယ့် စန္ဒီမြင့်လွင်ရဲ့ Queen MTV

ပရိုမိုးရှင်းပွဲတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အေးမြတ်သူ၊ သင်ဇာဝင့်ကျော်၊ စန္ဒီမြင့်လွင်တို့ရဲ့ "ဟောလိဝုဒ်"

စန္ဒီမြင့်လွင်ရဲ့ Queen MTV ကို  ဇန်နဝါရီ (၇)ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ Queen အော်ဒီယိုစီဒီကို အချိန်တစ်နှစ်လောက် ယူပြီး သေချာပြင်ဆင်ထားတဲ့  MTV ဟာလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရိုက်ကူးမှု ပုံစံများ ပါဝင်တယ်လို့ သိရပါတယ်။ Queen MTV အခွေထဲမှာ ပရိသတ်များအတွေက် Bonus Track အနေနဲ့ သီချင်း တစ်ပုဒ်ထည့်ပေးထားတယ်လို့လည်း သိရပါတယ်။

play

အဲဒီအခွေထဲမှာ ပါဝင်တဲ့ ဟောလိဝုဒ်သီချင်းကိုလည်း အေးမြတ်သူ၊ သင်ဇာဝင့်ကျော်နဲ့ သူမကိုယ်တိုင် ပါဝင် ရိုက်ကူးထားပြီး အလန်းစား ပုံရိပ်လေးတွေ ပါဝင်တယ်လို့ သိရပါတယ်။ Queen ထဲက "နှိုက်မှာပဲ" သီချင်းကိုလည်း ထူးထူးခြားခြားလေး ရိုက်ကူးထားပြီး သီချင်းအားလုံးကိုလည်း သူမအနေနဲ့ အားရကျေနပ်မှု ရှိတယ်လို့ ဆိုပါတယ်။

play

 

Queen MTV ပရိုမိုးရှင်းပွဲများကို ဇန်နဝါရီ (၇)ရက်နေ့ ညနေ(၅)နာရီမှာ ဂျန်းရှင်းစကွဲ အောက်ဒိုးဧရိယာမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး မန္တလေးပရိုမိုးရှင်းကိုတော့ ဇန်နဝါရီ(၈)ရက်နေ့ ညနေ(၄)နာရီ Amazing shopping mall အောက်ဒိုးဧရိယာ တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အခွေကို ပထမဆုံးလာဝယ်တဲ့ ပရိသတ်တွေ အတွက် Queen Logo ပါတဲ့ တီရှပ်တွေကို အမှတ်တရပေးဖို့ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

Photo : စန္ဒီမြင့်လွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ