Local Celebrity: R ဇာနည်နဲ့ ဖိုးကာတို့ရဲ့ ရေတွင်းအလှူ

ဧရာဝတီတိုင်းဘက်မှာ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

play

သောက်သုံးရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက ကျေးရွာငါးရွာအတွက် အဝီစိတွင်း ငါးတွင်းကို Rဇာနည်နဲ့ဖိုးကာတို့ အတူ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Rဇာနည်နဲ့ဖိုးကာ တို့က စက်ရေတွင်း ငါးတွင်းတူးဖို့ ကုန်ကျငွေကို သာပေါင်းမြို့နယ်မှာ ပရဟိတလုပ်ငန်းတွေကို တစ်ကိုယ်တော် လုပ်ကိုင်နေတဲ့ ကိုမျိုးသက်ဦးနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာကို သွားရောက်ပြီး ကမ်းပြိုမှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ငါးလုံးအတွက် Rဇာနည်တို့မိသားစုက လှူဒါန်းခဲ့ပါတယ်။ ဒေသခံတွေကလည်း Rဇာနည်ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အိုင်သပြုကျေးရွာက လမ်းတစ်လမ်းကို Rဇာနည်အဖြစ် အမည်မှည့်ခေါ် သတ်မှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Source : Irrawaddy

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ