Local Celebrity: တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် R ဇာနည်

စက်တင်ဘာ (၂၅) ရက်နေ့မှာ လုပ်မယ်လို့သိရပါတယ်။

play

 

အဆိုတော် Rဇာနည် ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို စက်တင်ဘာလ (၂၅) ရက်နေ့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒီပွဲကတော့ Rဇာနည် ရဲ့ ဒုတိယအကြိမ်မြောက် ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ Rဇာနည်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ သီချင်းအပုဒ်ရေ စုစုပေါင်း (၂၀)ကျော်လောက် ဖျော်ဖြေသွားမှာ ဖြစ်ပြီး The Tree Brand နဲ့ တီးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ Rဇာနည်က တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီး လက်မှတ်ဈေးနှုန်းများနဲ့ အသေးစိတ် အချက်အလက်များကို သြဂုတ်လလယ်ပိုင်းမှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ